ပဒေသာအင်တာနက်ဆိုင်နှင့်သင်တန်း
ထားဝယ်မြို့မှနေ၍ ကမ္ဘာကြီးနှင့်အဆက်မပြတ်လိုသူတိုင်း ပဒေသာအင်တာနက်ဆိုင်သို့လာကြပါသည်။ ပဒေသာအင်တာနက်ဆိုင်သည် ထားဝယ်မြို့တွင် ပထမဆုံးနှင့် တစ်နေရာတည်းသော အင်တာနက်အသုံးပြုရန်နေရာ ဖြစ်ပါသည်။
ပဒေသာအင်တာနက်ဆိုင်သည် အသုံးပြုသူများအဆင်ပြေစေရန် မြန်နှုန်းမြင့် ADSL 2+ လိုင်းသာမက ဂြိုလ်တုစလောင်း iPStar လိုင်းကိုပါ တပ်ဆင်ပေးထားပါသည်။

အင်တာနက်စတင်အသုံးပြုလိုသူများအတွက်လည်း အခြေခံ အင်တာနက်အသုံးပြုနည်း သင်တန်းများကို အပတ်စဉ် ဖွင့်လှစ်ပေးလျှက်ရှိပါသည်။


